Class Share Social Forums
Please create an account or login to connect with your friends.


Class Share Social Forums
Please create an account or login to connect with your friends.

Class Share Social Forums
Would you like to react to this message? Create an account in a few clicks or log in to continue.

Class Share Social ForumsLog in

Connect with your classmates


descriptionYes, you can make a calculator EmptyYes, you can make a calculator

more_horiz
ကျနော်တို့ဟာ အခြေအနေတွေကို အများကြီးမှီခိုရပါတယ်။
အကယ်၍ မိုးရွာမယ်ဆိုရင် ထီးယူရမှာပါ။ ဒီနေ့ ချမ်းမယ်ဆိုရင် အနွေးထည်လေး၀တ်သွားရမှာပါ။
Computer မှာလဲ ဒီလိုပါပဲ။
အခြေအနေတွေကို မူတည်ပြီးလုပ်ရတာတွေ အများကြီးရှိပါတယ်။
ဒါဖြစ်ရင် ဒီလိုလုပ် ၊ ဒါဖြစ်ရင် ဟိုလိုလုပ် ၊ အဲ့ဒါ‌ေတွမဖြစ်ရင် ဒါလုပ်ဆိုတာမျိုးပေါ့။
အဲ့လိုမျိုး အခြေအနေကို if နဲ့ else statement လို့ခေါ်ပါတယ်။
အရမ်းရိုးရှင်းပါတယ်။ if က ဒါဖြစ်ရင် ဒါလုပ်လို့ ဆိုလိုတာဖြစ်ပြီး else က အဲ့ဒါ မဖြစ်ရင် လုပ်ဖို့ဆိုလိုပါတယ်။
ဆိုပါတော့ ကျနော်က ကွန်ပျူတာကို ကြိုက်တဲ့ကိန်းတစ်လုံးရိုက်လိုက်မယ်။ အဲ့ဒါက စုံကိန်းလား မ ကိန်းလား ခွဲမယ်ဆိုရင် 2 နဲ့စားလို့ အကြွင်း 0 ရ၊ မရဆိုတဲ့ အခြေအနေတစ်ခုလိုလာပါပြီ။
အကယ်၍ 2 နဲ့စားလို့ပြတ်ရင် စုံကိန်းပေါ့။ စားလို့ မပြတ်ရင် မ ကိန်းပေါ့။
ကျနော်တို့ maths operations တွေသိပြီးပြီ။
ဒီ စုံကိန်း မကိန်းခွဲတဲ့ program လေးကိုဆွဲပြပါမယ်။
အရင်ဆုံး user ဆီကကိန်းတစ်လုံးတောင်းမယ်။
number = int(input(" Type number... ")

ပြီးတော့ အရေးကြီးတဲ့အပိုင်းလာပါပြီ။

if number/2 = 0:
print(number , "is even number")
else:
print(number , " is odd number ")

ဒီနေရာမှာ print သူံးတဲ့အခါ formatted string ကိုလည်းသုံးလို့ရပါတယ်။ ဒီနေရာမှာတော့ print ကို variable ကို comma ပေးပြီး သူ့နောက်မှာ string လိုက်ပေးထားပါတယ်။ run ရင်တော့ comma ပါမှာမဟုတ်ပါဘူး။ comma မပေးရင် variable မှန်းမသိလို့ပါ။

အိုခေ။ ခွဲထုတ်ကြည့်ရအောင်။
if ကိုတော့နားလည်မှာပါ။ semi colon လေးမမေ့ပါနဲ့နော်။ မှားလဲမမှားစေပါနဲ့ဗျ။ ၀စ္စပေါက်နဲ့တူပါတယ်။
ကျနော်တို့ ပထမ အခြေအနေတစ်ခုသတ်မှတ်လိုက်တယ်။
အကယ်၍ 2 နဲ့စားလို့ပြတ်ရင် even ပေါ့။

Else ဆိုတာက သူ့အဓိပ္ပာယ်အတိုင်း ရှေ့က အခြေအနေမဖြစ်ရင် လုပ်ဖို့ပါ။ ရှေ့က အခြေအနေမဖြစ်သမျှသူကလုပ်သွားမှာပါ။ သူ့မှာသတ်သတ်မှတ်မှတ် မရှိပါဘူး။ ထပ်ရှင်းပြပါမယ်။
python မှာ if နဲ့ elif(else if) (ရှေ့ကဟာ မဖြစ်ရင်)ဆိုပြီးရှိပါတယ်။ သဘောတရားကတူတူပါပဲ။ elif က ရှေ့မှာ if သုံးပြီးပြီဖြစ်လို့ နောက်ထပ်အခြေအနေတစ်ခုသတ်မှတ်ရာမှာ သူံးပါတယ်။
နှစ်ခုထက်ပိုတဲ့ အခြေအနေတွေရှိလာရင် သုံးပါတယ်။
ဒီလိုပေါ့။ ဒီနေ့ အပူချိန် 30 ကျော်ရင် ပူမယ် ၊ 25 ဆိုပုံမှန် ၊ 19 လောက်ဆို နည်းနည်းချမ်းတယ်ပေါ့။
အကယ်၍ သာ ကျနော်တို့က elif သာမရှိဘဲ else ပဲသုံးရင် 30 ကျော်ဆိုပူမယ် ၊ ကျန်တာအားလုံး အေးမယ် ဆိုတဲ့သဘောသက်ရောက်သွားမယ်ဟုတ်။ အဲ့တော့ သာမာန်အပူချိန်က မရှိတော့သလိုဖြစ်သွားတယ်မလား။
ဒီထက် အသေးစိတ်ရှင်းပြရရင်
If နဲ့ elif က အခြေအနေတစ်ခုသတ်မှတ်ပြီး အဲ့အခြေအနေဖြစ်ရင် သူတို့လုပ်ဆောင်ပါတယ်။
else က ရှေ့က if နဲ့ elif မဖြစ်ရင် လုပ်ပါတယ်။ သူ့မှာ ရှေ့က မဖြစ်သမျှ ငါလုပ်မယ် ဆိုတဲ့ သတ်မှတ်ချက်ကလွဲလို့ ဘယ်လိုဖြစ်မှ ငါလုပ်မယ် ၊ ဘယ်လိုအခြေအနေရောက်မှ ငါလုပ်မယ် လို့ မရှိပါဘူး။ ဒါကြောင့် if နဲ့ else နှစ်ခုပဲသုံးရင် အစောက ဥပမာလို အပူချိန် ၃၀ ကျော်ရင် ပူတယ်လို့ သတ်မှတ်လိုက်ပြီး မကျော်သမျှအားလုံးဟာ အေးတယ် လို့ ပြောသလိုကြီးဖြစ်သွားတာပေါ့။

ထပ်ပြီး ဥပမာပေးပါဦးမယ်။
If နဲ့ else နှစ်ခုထဲသုံးမယ်ဆိုရင်

လမ်းကြမ်းရင် ကားကိုဖြည်းဖြည်းမောင်း(if)။ လမ်းမကြမ်းသရွေ့မြန်မြန်မောင်း(else)။ အဲ့လိုပြောသလိုဖြစ်နေတဲ့အတွက် ကားကျပ်လား ၊မကျပ်လား စဉ်းစားမှာမဟုတ်ပါဘူး။ ဒါကြောင့် ကားကျပ်ရင်လည်း ဖြည်းဖြည်းမောင်းပါဆိုတဲ့ (elif) ကိုသုံးရတာပေါ့။
အပြင်မှာ အန္တရာယ်ကင်းအောင်လုပ်ရသလို ဒီမှာလဲ အန္တရာယ်ကင်းအောင် လုပ်ရပါတယ်ဗျ။ မှားနိုင်မယ့်အခြေအနေတွေကို နည်းနိုင်သမျှ နည်းအောင်ထည့်ရပါတယ်။

ဒါကြောင့် နှစ်ခုထက် ပိုတဲ့အခြေအနေတွေမှာ elif ကိုသုံးပါတယ်။
ဒါဆို မေးစရာရှိတယ်။ အခြေအနေနှစ်ခုကို and နဲ့ဆက်လိုက်ရင်ပြီး if တစ်ခုတည်းသုံးရင်ရော ?။
ဟုတ်ကဲ့သုံးလို့ရပါတယ်။
သတိထားရမှာက and ရဲ့ သဘောတရားက အခြေအနေနှစ်ခုစလုံးဖြစ်မှ လုပ်မယ် လို့ သက်ရောက်ပါတယ်။ ဒါကြောင့် and ကို အခြေအနေ နှစ်ခုဖြစ်မှ လုပ်မယ့် အခါ သုံးပါတယ်။
Attendance လဲ 75 % ကျော်မယ် ၊ စာမေးပွဲမှာလဲ ၅၀ ကျော်ရမယ် ၊ အဲ့အခါမှ အောင်ပေးမယ်။
ဒီလိုမျိုး တစ်ပြိုင်တည်းဖြစ်ကိုဖြစ်ရမယ့် အခြေအနေတွေမှာမှ and ကိုသုံးပါတယ်။
or ရဲ့ သဘောတရားကတော့ အခြေအနေနှစ်ခုထဲက တစ်ခုဖြစ်ရင် လုပ်မယ်လို့ဆိုလိုပါတယ်။
သဘောပေါက်သွားပြီဟုတ်။

မနေ့ကပြောခဲ့သလို calculator လေးလုပ်မယ်။

number1 = float(input(" First number")
command = int(input('''
1.Plus
2. Subtract
3. Multiply
4. Divide
5. Power
''')
number2 = float(input(" Second number")

if command == 1 :
print(number1+number2)
elif command == 2:
print (number1-number2)
elif command == 3:
print (number1*number2)
elif command == 4:
print (number1/number2)
else:
print(number1**number2)

အိုခေ။ ကျနော်တို့ ကိန်းတစ်ခု‌ေတာင်းတယ်။ပြီး‌ေတာ့ လက္ခဏာတောင်းတယ်။ပြီးမှ နောက်ကိန်းတစ်ခု ထပ်တောင်းတယ်။
input ရှေ့မှာ int အစား float ကိုအသူံးပြုတာက user က ဒသမကိန်းတွေလဲ ထည့်နိုင်လို့ပါ။ input ရဲ့ လက်သည်းကွင်းထဲမှာ single quote သူံးခုကို သတိထားပါနော်။
ပြီးတော့ အခြေအနေတွေ ဖန်တီးတယ်။
ကျနော်တို့ user ကို ပြောလိုက်တယ်။ 1 ဆိုဘာလုပ်မယ် ၊ 2 ဆိုဘာလုပ်မယ် ဆိုတဲ့အကြောင်းစာတန်းလေးထုတ်ပြလိုက်တယ်။ ပြီးတော့ အခြေအနေတွေသတ်မှတ်တယ်။ တကယ်လို့ 1 ကိုနှိပ်ရင်တော့ ပေါင်းပေး ၊ နှစ်နှိပ်ရင် နှုတ်ပေး။ အဲ့လိုပေါ့။

သတိထားရမှာက if xxxxxx :
လို့ရေးပြီးရင် အောက်က စာကို if နဲ့ အပေါ်အောက် တစ်တန်းတည်း မရေးရပါဘူး။ တစ်တန်းတည်းရေးလိုက်တဲ့အခါ if အောက်က function တွေ ၊ လုပ်ဆောင်တာတွေကို if က မပိုင်ဘူး လို့ ကွန်ပျူတာက ယူဆသွားလို့ပါ။ ဒါကြောင့် if တစ်ကြောင်းရေးပြီးရင် နောက်တစ်ကြောင်းမှာ အမြဲတမ်း Tab တစ်ခုစာ ခြားထားပေးပါလိမ့်မယ်။ မခြားပေးထားဘူးဆိုရင် တစ်နေရာရာလွဲလို့ပါ။ semi colon ကျန်တာဖြစ်ဖြစ် ကြောင့်ပါ။

နောက်တစ်ခုက ဒီလို if elif တွေသုံးပြီး အခြေအနေတွေ သတ်မှတ်တဲ့အခါ variable တစ်ခုကို တစ်ခုခု( integer , string ,float) နဲ့ညီပေးတဲ့အခါ qual sign နှစ်ခု == သုံးပေးရပါတယ်။ maths sign တွေအကြောင်း နောက်မှ ရှင်းပြပါမယ်။
အိုခေ။ စမ်းကြည့်ပါဦး။
___________________________________________

programming ဟာကျက်လို့မရပါဘူး အစ်ကိုတို့ အစ်မတို့။များများ လေ့ကျင့်ရတာပါ။
ကျနော်ပေးတဲ့ လေ့ကျင့်ခန်းလေးတွေ ဥပမာလေးတွေ အပြင် ကိူယ့်စိတ်ထဲမှာ ပေါ်လာတဲ့ program လေးတွေစွဲကြည့်ပါ။
ပျော်ဖို့ကောင်းသလို မှတ်လဲမှတ်မိပါတယ်။ error တွေ့ရင် ကျနော့်ကို ပြောထားပါ။

ခုကျနော်ပြောပြထားတဲ့ tutorial လေးတွေသုံးပြီး program တော်တော်များများ ရေးလို့ရနေပါပြီ။
___________________________________________

မနက်ဖန်မှာ what is boolean in Python ?
How to use boolean with if and else in Python?

ဆိုတာတွေရှာခဲ့ပေးပါ။
အစ်ကိုတို့ အစ်မတို့။
ကိုယ့်ဘာသာ ရှေ့ကိုကြိုလေ့လာထားလို့လဲ အဆင်ပြေပါတယ်ဗျ။ ပိုမြန်ပါတယ်။
တစ်နေ့ကို နာရီ၀က်လောက်ပဲလေ့လာပေးပြီး နာရီ၀က်လောက် လေ့ကျင့်ပေးရင် ၂ လလောက်ဆို program တော်တော်များများရေးနိုင်လာပါလိမ့်မယ်။
နောက်ပြီး error တွေ့ရင် အရင်ဆုံး internet မှာ ဘာလို့ဖြစ်တာလဲဆိုတာ ရှာကြည့်ပါ။
စာတွေသေချာလိုက်ဖတ်ကြည့်ပါ။
အဲ့တော့မှ မရှင်းတာရှိရင် ကျ‌နော့်ဆီလာမေးပါ။ ကျ‌နော်လဲ မေးသမျှမသိပါဘူးအကိုတို့။ ကျနော်က အကိုတို့ error ဖြစ်တာတွေ့ရင် internet မှာ ရှာကြည့်ပါတယ်။ ဥပမာ - if နဲ့ပတ်သက်ပြီး error တွေ့ရင် if ကိုဘယ်လိုသုံးသလဲဆိုပြီး အသေးစိတ်မဟုတ်တောင် သဘောတရားကိုနားလည်အောင် လေ့လာပါတယ်။
ပြီးမှ program တွေအစမ်းရေးကြည့်တယ် ၊ ပြင်တယ် ၊ ထပ်လုပ်တယ်။ အဲ့လိုလုပ်ရင်းမှ မှတ်မိလာပါတယ်။

ဒါကြောင့် ကျနော်ပြောပြထားတဲ့ tutorial လေးတွေသာမကဘဲ YouTube တို့ solo learn တို့ ၊ website တို့ကနေ ကိုယ့်ဘာသာ တစ်ဆင့်ချင်းလေ့လာပြီး program လေးတွေအစမ်းဆွဲထားတာမျိုးလုပ်ကြည့်ပါ။ အများကြီးမဟုတ်ပါဘူး။
YouTube က programming with mosh ဆိုတဲ့ channel က Python for beginner ဆိုတဲ့ tutorial လေးကို တစ်နေ့ ၃ မျိုးလောက်ပဲလေ့လာပေးပါ။
သူရှင်းပြထားတာကို တကယ်သဘောကျပြီး သိပ်ကောင်းပါတယ်။

Bye for now....

descriptionYes, you can make a calculator EmptyRe: Yes, you can make a calculator

more_horiz
စုံကိန်း မကိန်းခွဲတာ
number/2=0 ဆို မရလို့ number%2==0 လုပ်လိုက်တယ် 0က အကြွင်းမလား invalid syntaxဖြစ်နေတော့ ==ကို နှစ်ခုထည့်လိုက်တယ်

descriptionYes, you can make a calculator EmptyRe: Yes, you can make a calculator

more_horiz
You're doing great job...
ဟုတ်တယ်အစ်မ။ တစ်နည်းမရ တစ်နည်းနဲ့လုပ်တာ အကောင်းဆုံးပဲအစ်မ။ ပျော်ဖို့ကောင်းလာပီမလား အစ်မ 😃

descriptionYes, you can make a calculator EmptyRe: Yes, you can make a calculator

more_horiz
privacy_tip Permissions in this forum:
You cannot reply to topics in this forum
power_settings_newLogin to reply