Class Share Social Forums
Please create an account or login to connect with your friends.


Class Share Social Forums
Please create an account or login to connect with your friends.

Class Share Social Forums
Would you like to react to this message? Create an account in a few clicks or log in to continue.

Class Share Social ForumsLog in

Connect with your classmates


descriptionStarting programming.... EmptyStarting programming....

more_horiz
ပထမဆုံး hello world လို့ screen ပေါ်မှာ ပြပေးမယ့် program တစ်ခုဆွဲရအောင်။

IDLE မှာ

print("Hello World!")

လို့ရိုက်ပြီးရင် enter ခေါက်လိုက်ပါ။ Hello World လို့တွေ့ပါလိမ့်မယ်။ quotation marks တွေ မမေ့ပါနဲ့နော်။ ဘာကြောင့် မမေ့ရတယ်ဆိုတာ ခဏနေပြောပြပါမယ်။

Solo learn မှာဆိုရင် အပေါင်းခလုတ်လေးကို နှိပ်ပြီး python ကို ရွေးပြီး နှိပ်လိုက်ရင် code editor နဲ့ cursor လေး ပေါ်လာပါလိမ့်မယ်။

print("Hello World!")

လို့ရိုက်ကြည့်ပါ။ Hello World လို့ screen ပေါ်မှာ ပြပေးပါလိမ့်မယ်။

==================================

ဒါက အလွယ်ဆုံး တစ်ခုပဲဖြစ်ပါတယ်။ print ကို screen ဖော်ပြပေးဖို့ သုံးပါတယ်။
ခုထပ်ပြီး ကျနော်လုပ်စေချင်တာလေးရှိပါသေးတယ်။

5+5 =10
5-5 =0
5*5 = 25 ( * is multiplication)
5/5 = 1 (/ is division)
5%5 = 0 ( % က ဒီနေရာမှာ အကြွင်း remainder ကိုယူပါတယ်။ စားလဒ်ကို မယူပါဘူး။ )

ဒါဆိုရင် 5%5/6 ရဲ့အဖြေကရော..... အဖြေက 0.8333 ပါ။ ဘယ်လိုဖြစ်သွားတာလဲ။
သင်္ချာမှာသင်ဖူးတဲ့ parenthesis ကြောင့်ပါ။ အစီအစဥ်လို့ မှတ်နိုင်ပါတယ်။
1.ကွင်း ()
2. ကြွင်း %
3.စား /
4.မြှောက် *
တွက်ချက်မှုတစ်ခုလုပ်တဲ့အခါ အရင်ဆုံး လက်သည်းကွင်းပါမပါ အရင်ကြည့်ပါတယ်။ ပါရင် အဲ့ထဲကဟာကို အရင်တွက်ပြီးမှ အကြွင်း % ရှိလား ထပ်ကြည့်ပါတယ်။ ပြီးရင် အစားကိုကြည့်ပါတယ်။ နောက်ဆုံးမှာ အမြှောက်ကိုကြည့်ပါတယ်။ ဒီလိုရှင်းပြီးသွားရင် အပေါင်းနဲ့ အနှုတ်က ဘယ်သူအရင်လာလာ အတူတူပါပဲ။

5%5/6 ရဲ့ အဖြေဖြစ်တဲ့ 0.8333 ကဒသမကိန်းတစ်ခုပါ။ float လို့ခေါ်ပါတယ်။ 5+5=10 ကတော့ ကိန်းပြည့် integer တစ်ခုဖြစ်ပါတယ်။

နောက်ထပ် program တစ်ခုထပ်ဆွဲရအောင်။

print ('3' * 9)

အ‌ဖြေက 27 လို့ထင်မိတယ်ဟုတ်။ မဟုတ်ပါဘူး။
အဖြေက 333333333 ပါ။ ဘာလို့လဲ။
floatနဲ့ integer အပြင် အသုံးများတဲ့ string ဆိုတာရှိပါသေးတယ်။ string ကို quotation marks " " (or) ' ' ကြားမှာရှိတဲ့ အရာတိုင်းကို သတ်မှတ်ပါတယ်။ ကိန်းတွေဖြစ်ဖြစ် ၊ ဒသမကိန်းတွေဖြစ်ဖြစ် quotation marks ကြားထဲက အရာတိုင်းက string ဖြစ်သွားပါတယ်။ ဒါကြောင့် integer နဲ့ float ရဲ့ ဂုဏ်သတ္တိမရှိပါဘူး။ ဒါကြောင့် '3' * 9 ဟာ 27 မရဘဲ 3 ကိုးလုံးရတာပါ။
ခွေးပုံဆွဲဖို့ program လေးဆွဲရအောင်။

print ('''
0--0---------------
|_| \\\!!!!!!!!!!!!!!!\
|| || || ||
''')

print ကို စာသားတွေအပြင် variable တွေ ကို ရလဒ်တစ်ခု အဖြစ် screen ပေါ်ကို ဖော်ပြတဲ့အခါ အသုံးပြုပါတယ်။
စာကြောင်း တစ်ကြောင်းထက် ပိုပြီး ဖော်ပြချင်တယ်ဆိုရင်တော့ quotation mark သူံးခု ''' ''' ကြားမှာ ရေးရပါတယ်။

print( '''
ကိုယ်ရေးချင်တဲ့စာ
''')
လက်သည်းကွင်းနဲ့ quotation marks တွေကို တစ်တန်းတည်း ရေးလို့မရပါဘူး။

ဟုတ်ကဲ့။ ဒီနေ့တော့ ဒီလောက်ပါပဲ။
မေးချင်တာရှိရင် မေးထားပါဗျ။
မနက်ဖန်အတွက် what is variable in python? How to get user input in python? လို့ အင်တာနက်မှာ ရှာပြီး စာအုပ်ထဲမှာ ကိုယ်နားလည်သလို ရေးထားပေးပါ။

descriptionStarting programming.... EmptyRe: Starting programming....

more_horiz
ဖုန်းမှာ Quotation mark 3ခုပါတာ မတွေ့ဘူး keyboardမှာရော solo learnမှာရော

descriptionStarting programming.... EmptyRe: Starting programming....

more_horiz
" သင်္ကေတနဲ့ပဲ သုံးလို့ရလားခွေးပုံမှာ

descriptionStarting programming.... EmptyRe: Starting programming....

more_horiz
Quotation marks သုံးခါရိုက်ရတာကိုပြောတာပါအစ်မ။
ခွေးပုံက ခုတော့ သင်္ကေတနဲ့ပါပဲအစ်မ။ 😉

descriptionStarting programming.... EmptyRe: Starting programming....

more_horiz
Aww😁

descriptionStarting programming.... EmptyRe: Starting programming....

more_horiz
privacy_tip Permissions in this forum:
You cannot reply to topics in this forum
power_settings_newLogin to reply