Class Share Social Forums
Please create an account or login to connect with your friends.


Class Share Social Forums
Please create an account or login to connect with your friends.

Class Share Social Forums
Would you like to react to this message? Create an account in a few clicks or log in to continue.

Class Share Social ForumsLog in

Connect with your classmates


descriptionDon't repeat it!!!! EmptyDon't repeat it!!!!

more_horiz
ရှေ့မှာတုန်းက if and else ကို တခြားဟာတွေထက်ပိုပြီး လေ့ကျင့်လိုက်ရတယ်ဟုတ်။
ဟုတ်ပါတယ်။ ဘာလို့လဲဆိုတော့ if and else တွေက သိပ်ကိုအသုံးများပါတယ်။ အသုံးများသလို သူ့ရဲ့အသုံးပြုပုံတွေကို အကိုတို့ အမတို့ ခေါင်းထဲစွဲသွားစေချင်လို့ပါ။
ဒီနေ့တော့ အသစ်တက်မယ်နော်။
ဒီနေ့တက်မှာက looping ပါ။
Loop ရဲ့သဘောတရားက ထပ်ခါထပ်ခါ လုပ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ ကျနော်တို့ Programming သင်နေတာ အချိန်ကုန်သက်သာပြီး အလုပ်ကို ပီးလွယ်အောင်လို့ပါ။ program တွေရေးဆွဲတဲ့အခါမှာလည်း စောနိုင်သမျှစောပြီးအောင် တိုတိုနဲ့ ဆွဲနိုင်တဲ့သူဟာ ဆရာကြီးပါပဲ။
ဒီနေ့ အချိန်ကုန်သက်သာစေမယ့် looping တွေထဲက တစ်ခုဖြစ်တဲ့ while ကိုတူတူကြည့်ကြမယ်။

ဆိုပါတော့။ ကျနော်တို့တွေ game တစ်ခုလုပ်တယ်ပေါ့။ Game က အဖြေမမှန်မချင်းမေးမယ့် game ပါ။ အဖြေမှားရင် မရပ်ပါဘူး။အဖြေမမှန်မချင်းပါနော်။
ကျနော်တို့ ဘယ်လိုရေးမလဲ။
အဖြေမမှန်မချင်း ဆိုတာထားလိုက်ဦး။အနည်းဆုံး 3 ခါပဲမေးမယ့် program အရင်ဆွဲရအောင်။

secret_number = 5
question = int(input(" Guess : ")
if question == secret_number:
print("You won!")
else :
print("You failed!")

ဒီစာကြောင်းတွေကို သုံးခါတောင်ရေးရပါမယ်။ OMG!
အခေါက် ၅၀ မေးမယ်ဆိုရင်...???
ဒါတွေကြောင့် ထပ်ခါထပ်ခါလုပ်ရတဲ့ အလုပ်တွေမှာ သုံးဖို့ loop တွေကို ထွင်ခဲ့တာပါ။
While ကိုသုံးပြီး အပေါ်က program ကို ကျနော် ရေးပြပါမယ်။

secret_number = 5
guess_count = 0
while guess_count < 3:
guess_count += 1
guess = int(input("Guess:")
if guess == secret_number :
print("You won!")
break
else:
print("You failed!")

နည်းနည်းရှုပ်သွားတယ်ဟုတ်။ ဘာလို့လဲဆိုတော့ ဒါက ၃ ခါပဲမေးဖို့ ဆွဲထားတာဖြစ်လို့ guess count ဆိုတာပါလာပါတယ်။
အစကနေ ရှင်းပြပါမယ်။
ကျနော်တို့ လျို့ဝှက်နံပါတ်လေး ထားလိုက်တယ်။
ကျနော်တို့က မမှန်မချင်း မေးမှာမဟုတ်သေးပါဘူး။ သုံးခါမေးမှာပါ။ ဒါကြောင့် မမှန်မချင်းမေးမယ် ဆိုတဲ့အစား ၃ ခါမေးမယ်လို့ ပြောင်းစဉ်းစားရပါတော့မယ်။
ကျနော်တို့ guess_count လေးကို zero လို့ အရင်ဆူံးထားလိုက်တယ်။ ပြီးတော့ while guess_count < 0 : လို့သုံးလိုက်ျယ်။ ဒါကြောင့် guess_count က zero အောက်ငယ်နေသမျှ မေးနေမှာပါ။ နောက်ပြီး guess_count += 1 လို့ထားလိုက်တယ်။ ( guess_count = guess_count + 1 နဲ့အတူတူပါပဲ။ မရှုပ်အောင် ၊ တိုအောင်လို့ += sign ကိုသုံးလိုက်တာပါ။) guess_count ဟာ တစ်ခါrunတိုင်း ၁ တိုးလာမယ်လို့ သတ်မှတ်လိုက်တာပါ။ ဒါမှသာ သုံးခါမြောက်မှာ guess_count ဟာ 3 ဖြစ်သွားတဲ့အတွက် while guess_count < 3 ဆိုတဲ့ သံသရာကနေ လွတ်မြောက်ပြီး ထပ်မမေးတော့မှာပါ။
နောက်တော့မှ user ဆီက ကိန်းတစ်ခုတောင်းတယ်။ အဲ့ကိန်းမှန်တယ်ဆိုရင် နိုင်တယ် လို့ဖော်ပြလိုက်မယ်။ မှားရင် ရှုံးတယ်လို့ဖော်ပြလိုက်မယ်။ wait....if အောက်မှာ break ဆိုတာလေး သတိထားမိလား။ ဘာလို့ထည့်ထားတာလဲ။
ဒီလိုပါ။ ကျနော်တို့ အဖြေမှန်သွားရင် ဆက်မေးစရာမလိုတော့ဘူးမလား။ ဒါကြောင့် ထပ်ခါထပ်ခါ‌မေးနေတာကို ရပ်မယ် ၊ while loop ထဲက ထွက်မယ် ၊ while သံသရာကို ရပ်မယ် လို့ ဆိုလိုတဲ့ break ကို if အောက်မှာသုံးလိုက်တာပါ။
ပြီးတော့ else ကိုသုံးတယ်။ ရှေ့မှာ if က အဖြေမှန်အတွက်ဆိုတော့ ဒါက အဖြေမမှန်တဲ့အတွက်ပေါ့။ ဒါကြောင့် You failed ကို သုံးလိုက်တာပါ။

ဒါဆို အဖြေမမှန်မချင်း မေးချင်ရင်ရော။ အစောက ထက်သိပ်လွယ်ပါတယ်။ guess_count ရယ် ၊ guess_count += 1 ဆိုတာရယ်ဖြတ်လိုက်ရုံပါပဲ။
ပြီးတော့ while True : ကိုသုံးလိုက်ရုံပါပဲ။
ဘာလို့ True ကိုသုံးတာလဲဆိုတော့ ကျနော်တို့ဟာ ဘာမဖြစ်မချင်း ၊ ဘာဖြစ်နေသရွေ့ လို့ တစ်ခုခုကို သတ်မှတ်ရပါတယ်။ အစောက သုံးခါ မပြည့်မချင်းလို့ သတ်မှတ်ခဲ့ပါတယ်။
ဒုတိယ program မှာ guess_count ကိုဖြုတ်လိုက်တဲ့အတွက် guess_count < 3 ၊ သုံးခါမပြည့်မချင်း ဆိုတဲ့ condition လေးကိုဖြုတ်လိုက်ရပါတယ်။ အဲ့ဒီအစား True ကိုသူံးလိုက်ပါတယ်။ ဆိုလိုတာက မှန်နေသရွေ့ပေါ့။ တစ်ခုခုက False ဆိုတဲ့ value လေးမသတ်မှတ်သရွေ့ မရပ်ဘူးပေါ့။
ကျန်တာကတော့ မပြောင်းလဲပါဘူး။ သတိပြုရမှာက while နောက်မှာ အမြဲ condition တစ်ခုပါရမယ် ၊ မထည့်နိုင်ရင် True ကိုသူံးနိုင်ပါတယ်။ ပြီးတော့ semi colon ကို မမေ့ပါနဲ့။ နောက်တစ်ခုက while loop သံသရာထဲက ထွက်ချင်တယ်ဆိုရင် break ကိုသုံးပါတယ်။
ဒီနေ့တော့ ဒီလောက်ပါပဲ။
ထပ်ရှာခဲ့စေချင်တာလေးက
ဒီသံသရာအကြောင်းပါပဲ။
How to use for loop in Python? ပါ။
အရင်ဆူံးစာအုပ်ထဲရေးမှတ်ထားပါနော်။ ပြီးတော့ အကိုတို့ အမတို့ error တွေ့ရင် ကျေးဇူးပြုပြီး ဒီ post ရဲ့ comment မှာပဲ မန့်ပေးပါ။ ဖတ်တဲ့သူတွေကို သင်ခန်းစာယူလို့ရအောင်လို့ပါ။ တစ်နေရာတည်း စုပေးထားချင်လို့ပါ။

Bye for now.....

Wash your hands....


descriptionDon't repeat it!!!! EmptyRe: Don't repeat it!!!!

more_horiz
[url=https://servimg.com/view/20189045/3][img]https://i.servimg.com/u/f28/20/18/90/45/img_2011.jpg[/img][/url]

descriptionDon't repeat it!!!! EmptyRe: Don't repeat it!!!!

more_horiz
အဲ့လို error ပြနေပါတယ်

descriptionDon't repeat it!!!! EmptyRe: Don't repeat it!!!!

more_horiz
အကိုရေ။ ပုံက ကြည့်မရဘူးအကို။ servimg.com မှာ account ဖွင့်ရဦးမှာအကို။ sorry အကိုရေ။ အဆင်မပြေရင်တော့ messenger ကနေပဲပို့ပါအကို

descriptionDon't repeat it!!!! EmptyRe: Don't repeat it!!!!

more_horiz
ရသွားပါပြီ

descriptionDon't repeat it!!!! EmptyRe: Don't repeat it!!!!

more_horiz
privacy_tip Permissions in this forum:
You cannot reply to topics in this forum
power_settings_newLogin to reply