Long time no see....
နည်းနည်းအလုပ်ရှုပ်သွားတယ်ဗျာ။ အာရုံလဲမရတာနဲ့ မရေးဖြစ်ဘူး။ I am really sorry for that

ဆိုတော့ မလေ့ကျင့်တာနည်းနည်းကြာသွားရင် ရှေ့ကစာလေးတွေပြန်ဖတ်ပါနော်။

ဒီနေ့တော့ boolean value ကိုပြောပြပေးပါမယ်။
နေက ရှေ့အရပ်ကထွက်တယ်ဟုတ်။ ဒါကိုမှန်တယ်လို့ယူဆလိုက်ရင် အနောက်အရပ်ကထွက်တာက မှားတယ်လို့ ယူဆနိုင်ပါတယ်။ physics နဲ့ astrology လေးခဏဘေးဖယ်ထားမယ်နော်😂

ဒါဆိုရင် နေထွက်တာနဲ့ ပတ်သက်ပြီး တန်ဘိုးနှစ်ခုရှိပါတယ်။ အမှားနဲ့ အမှန်ပေါ့။ ဒါကို boolean value လို့ခေါ်ပါတယ်။
Boolean ဆိုတာ အမှား ၊ အမှန် နှစ်ခုပဲရှိတဲ့ အခြေအနေတစ်ခုကို ဆိုလိုတာပါ။ အပေါ်က ဥပမာမှာ‌ေနထွက်တာက အခြေအနေတစ်ခုပေါ့ဗျာ။

နည်းနည်းအသေးစိတ်ကြည့်မယ်ဆိုရင် boolean value ဆိုတာ အမှန် ၊ အမှားကိုပဲဆိုလိုတာမဟုတ်ပါဘူး။ ရိုးရိုး နဲ့ အငြင်းကိုဆိုလိုပါတယ်။ ဒီမေးခွန်းလေးဖြေကြည့်၊ ကားရပ်ထားတာက မှန်လား?။
အဖြေမရှိပါဘူး။
ဘာလို့ဆို ကားရပ်ထားတာနဲ့ ၊ ကားမရပ်ထားတာမှာ ဘယ်ဟာမှားလဲ ၊ မှန်လဲ ပြောဖို့ ခက်တယ်မလား။ ဒါပေမယ့် အဲ့ဒီနှစ်ခုက တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတဲ့အတွက် အဲ့ဒါကို boolean လို့သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် boolean value ဆိုတာ ဆန့်ကျင်ဘက် တန်ဘိုးနှစ်ခုရှိနေတဲ့အရာတိုင်းကိုဆိုလိုပါတယ်။

ဒီနေ့တော့ အဲ့ဒီ boolean value လေးကိုအသုံးပြုပြီး ဂိမ်းလေးတစ်ခု လုပ်ရအောင်ဗျာ။

Wait a minute.
ကျွန်တော် python ကို ဘာလို့sharing လုပ်သလဲဆိုတော့ programming ရဲ့ အခြေခံသဘောတရားတွေကို လက်တွေ့လေ့ကျင့်ခန်းတွေလုပ်ရင်း နားလည်သွားဖို့ပါ။ ဒါတွေဟာ အစ်ကိုတို့အစ်မတို့ကို developer ပဲလုပ်ပါ လို့ မဆိုလိုပါဘူး။ အသုံးချမှုက ကိုယ့်ဆုံးဖြတ်ချက်အပေါ်မှာပဲမူတည်ပါတယ်။

နောက်ပြီး ကျွန်တော်တို့ အခြေခံကိုပဲ အတူတူလေ့လာနိုင်မှာပါ။ဒီလိုပြောလို့ ပြီးတော့မှာလား မတွေးလိုက်ပါနဲ့ဦးနော်✌။ အခုအတော်လေး ခရီးရောက်နေပြီဆိုပေမယ့် ကျန်ပါသေးတယ်နော်။ အဆင့်မြင့်တာတွေကတော့ ကိုယ်တိုင်လေ့လာမှဖြစ်မှာပါ။

ကျွန်တော်တို့ ဒီ python basics ပြီးသွားရင် scratch ကို ထပ်လေ့လာပါမယ်။ scratch က ကလေးတွေအတွက်ပါ။ အလွယ့်အလွယ်ဆုံးပါ။ ပုစိညောက်တောက် လက်သန်းလောက်လေးတွေအတွက်ပါ။ ဒါကို အကိုတို့ အစ်မတို့ကို ဘာလို့လေ့လာစေချင်လဲ ဆိုတော့ ကျွန်တော်တို့တွေ ဆရာဖြစ်သွားတဲ့အခါ ကလေးကို programming နဲ့မိတ်ဆက်ပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မယ်။ ကလေးတွေကို python ကနေ စပြီးသင်ရင် အခက်အခဲရှိနိုင်ပါတယ်။ scratch မှာ စစချင်း programming concept နဲ့တွဲသင်ရင် အခက်တွေ့နိုင်ပါတယ်။ ပထမအဆင့် ဂိမ်းလေးတွေလုပ်ရင်းနဲ့မှ ကလေးဟာ တဖြည်းဖြည်း ကျွမ်းကျင်လာမှာပါ။ ဒီ scratch ကို သူတို့ဟာ ဂိမ်းလေးတွေလုပ်နေရတယ်လို့ပဲ တွေးအောင် ၊ programming သင်နေရပါတယ်လို့ မရိပ်မိနိုင်အောင်ကို အစမှာဂရုစိုက်ရမှာပါ။
ဒါကြောင့် scratch ပြီးမှ python ကိုမိတ်ဆက်ပေးပါ။ အစ်ကိုတို့ အစ်မတို့ကို ကျတော့ python ပြီးမှ scratch ကိုတူတူလေ့လာတယ်ဆိုတာက ဒီအသက်အရွယ်မှာ ကျွန်တော်တို့တွေဟာ programming concepts တွေကို ရှင်းပြရင် နားလည်နိုင်နေပြီမိုလို့ပါ။ ဒါကြောင့် ကလေးတွေကို သင်တဲ့အခါ ကိုယ်တိုင်က နားလည်ကျွမ်းကျင်အောင် concept ကို အရင်လေ့လာလိုက်တာပါ။ scratch က အစ်ကိုတို့ အစ်မတို့အတွက် လုံး၀ကို လွယ်ကူပါတယ်။ storytelling , animation စတာတွေလုပ်တာပါ။ ခု python လို keyboard နဲ့ရိုက်စရာတောင် မလိုပါဘူး။
အိုခေဗျာ။ ဒါကတော့ အရန်အစီအစဉ်လေးပါ။ python basics ပြီးသွားရင် လေ့လာဖို့ ခေါင်းထဲမှာ လျာထားပါတယ်။

ဆက်သွားကြမယ်ဗျာ။
Boolean value ကိုသိပြီးတဲ့နောက်မှာ ကျွန်တော် ဥပမာဂိမ်း‌လေးတစ်ခုလုပ်ပြပါမယ်။

ဆိုပါစို့။ ကျွန်တော်တို့အိမ်က နာရီက analog clock ပေါ့။ ဆိုတော့ မနက်နဲ့ညကို ခွဲပေးမှာမဟုတ်ပါဘူး။ နာရီပဲပြမှာပါ။ ကျွန်တော်တို့နေ့နဲ့ည ဘယ်လိုခွဲလဲ။ well...နေကိုကြည့်ပြီးခွဲတယ်ဟုတ်။
ဒါကြောင့် ကျွန်တော်တို့တစ်တွေ နေ့ ည ခွဲပေးမယ့် program လေးဆွဲကြည့်မယ်။
Concept ကတော့ ပထမဆုံးပြတဲ့ဟာက မနက် or day ပေါ့ဗျာ။
ဒုတိယဟာက ည or night ပေါ့။
ဒီလိုဆိုလိုတာပါ။ 12 နာရီကို ပထမဆုံးပြရင် ဒါက dayပါ။ ဒုတိယတစ်ခါပြရင် ဒါက night ပေါ့။
ဆွဲပြမယ်နော်။

shown = False
while True:
time = int(input(" Time : "))
If shown:
print(f' {time} is day time.')
else:
print (f' {time} is night time')
shown = True
ပထမဆုံး ကျွန်တော်တို့တွေဟာ နာရီကို ပထမဆုံးလား ၊ ဒုတိယတစ်ခါလားလို့ ခွဲပါမယ်။ ဒါကို ပြပြီးသားလား ၊ ပြပြီးသားမဟုတ်ဘူးလား လို့လည်း ထားလို့ရပါတယ်။ ဒါကြောင့် shown လို့ထားလိုက်တာပါ။ အမှန်တော့ boolean value ထားရာမှာ ကြိုက်သလိုထားလို့ရပါတယ်။ အဓိက က ကိုယ်နားလည်ဖို့နဲ့ မှန်ကန်ဖို့ပါပဲ။ ဆိုလိုတာက ကျွန်တော်က ဖတ်တဲ့လူနားလည်အောင် shown လို့သုံးလိုက်တာပါ။ boolean = False လို့ သုံးလည်းရပါတယ်။
ထပ်လာပြီ။ ဘာလို့ shawn = False လို့ထားလိုက်တာလဲဆိုတော့ ပထမဆူံးအကြိမ် (သို့မဟုတ်) မပြရသေးဘူး လို့ဆိုလိုချင်လို့ပါ။ user ဆီက နာရီကိုအမြဲတောင်းမှာမိုလို့ while loop ကိုသုံးထားတာပါ။

နောက်တော့ကျွန်တော်တို့တွေ user ဆီက နာရီလေးတောင်းလိုက်တယ်။ အဲ့မှာ သူက ပထမဆုံးအကြိမ် ရိုက်ထည့်လိုက်တယ်။ ၁၂ ပေါ့။

if shown ဆိုတာက တကယ်လို့ နာရီကို ပထမတစ်ခါ ပြပြီးပြီဆိုရင် run မယ်လို့ဆိုလိုတာပါ။ ဒါပေမယ့် shown ကို false လုပ်ထားတာ မမေ့ပါနဲ့နော်။ if shown ကို ဘယ်လိုနားလည်ရမလဲ‌ဆိုတော့ if shown is True လို့ဆိုလိုပါတယ်။ ဒါပေမယ့် shown က False ဖြစ်နေလို့ မကိုက်တဲ့အတွက် မrunပါဘူး။

နောက်တစ်ခုမှာ else ကိုရိုးရိုးလေးပဲသုံးလိုက်တာပါ။ "မပြရသေးရင် " လို့ elif ထပ်သုံးနိုင်ပေမယ့် ရွေးစရာက နှစ်ခုပဲရှိတာမိုလို့ else ကိုပဲသုံးလိုက်တာပါ။ နောက်ပြီး မပြရသေးတဲ့အတွက် ဒါက နေ့အချိန်လို့ ဖော်ပြလိုက်ပါတယ်။

else ရဲ့အောက်က shown = True လို့ပြန်သတ်မှတ်လိုက်တယ်နော်။ ဆိုတော့ shown ရဲ့ value က ပြပြီးသွားပါပြီ လို့ ကွန်ပျူတာက မှတ်သွားပါပြီ။
ကျွန်တော်တို့ဟာ while ကို loop အနေနဲ့သုံးထားတဲ့အတွက် နောက်တစ်ခါထပ်runပါတယ်။ ဒီတစ်ခါမှာ shown က True ပါနော်။ ဒါကြောင့် if shown က မှန်သွားတဲ့အတွက် run သွားပါတယ်။ ဒါက ညအချိန်လို့ဖော်ပြလိုက်ပါတယ်။

အိုခေ။ လုပ်ကြည့်ပါနော်။ မနက်ဖန်မှာ error တွေကိုဖြေပေးပါ့မယ်ဗျ။
ထပ်ရှာစေချင်တာက what is for loop in Python? How to use for loop in Python? တွေပါ။

Bye....See ya...